Local News

ဧပြီလ တတိယပတ်တွင် မန္တလေးကုန်စည်ဒိုင် ၏ ပြောင်းဖူးစေ့ဈေးမြင့်လာခဲ့

Last Updated:

မန္တလေးကုန်စည်ဒိုင် သို့ ရေစကြို၊ မြောင် နှင့် ရှမ်းပြည်မြောက်ပိုင်းမှ ပြောင်းဖူးစေ့များ ဝင်ရောက်မှုရှိပြီး တရုတ်သင်္ဘောတင်ဝယ်လက်၊ ရန်ကုန်ဝယ်လက်နှင့် ၊ ပြည်တွင်းတိရစ္ဆာန် အစာတောင့်စက်ရုံ များမှ ဝယ်ယူမှုရှိ၍ ဈေးမြင့်လာကြောင်းသိရသည်။

ပြောင်းဖူးစေ့ ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ဈေးမှာ ၅၂၀၀၀ ကျပ်၊ ယခင်တစ်ပတ် ၅၁၀၀၀ ကျပ်၊ ယခင်လ ၅၀၅၀၀ ကျပ် အသီးသီးဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် တစ်အိတ် ၁၀၀၀ ကျပ်၊ ယခင်လထက် ၁၅၀၀ ကျပ် ဈေးမြင့်လာခဲ့သည်။

Category: Local News